နယ်ရုံးများ၏သတင်းများ

Jun 10,2026
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ စာဖတ်ရှိန်မြင့်မားရေးအတွက် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေးခဲ့သည်။
Jun 10,2026
​ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ ပန်းချီပညာရပ်ဆိုင်ရာ အခြေခံအုတ်မြစ်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
Jun 09,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ ယနေ့ နေ့လယ်ပိုင်းက ပုံပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 08,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဉီးစီးဌာန၊ အခြေခံပညာဉီးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီက အခြေခံပညာမူလတန်းကျောင်း (ခိုဆိုင်း) ကျေးရွာတွင် ပြုလုပ် သည်။
Jun 08,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ ဌားရမ်းပေးခြင်းနှင့် စာအုပ်များ အသစ်လဲလှယ်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းဆောင်ရွက်သည်။
Jun 05,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် AI နည်းပညာတိုးတက်ပြောင်းလဲမှုများမှတစ်ဆင့် (Artificial Intelligence) ဉာဏ်ရည်တုပြောင်းလဲမှုဖြစ်စဉ်များ၊ AI နှင့်ပတ်သက်သည့် အကြောင်းအရာများကို ဝန်ထမ်းတိုင်းက အခြေခံအားဖြင့် သိရှိနားလည်ထားကြရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပေါက်ခေါင်းမြို့နယ်ရုံးမှ ကြီးမှူးဖွင့်လှစ်သာ AI နည်းပညာသင်တန်းကို ပေါက်ခေါင်းမြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့နံနက်ပိုင်းက စတင်သင်ကြားလျက်ရှိကြောင်း သိရသည်။
Jun 05,2026
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊‌ ချောက်မြို့နယ်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပသည်။
Jun 05,2026
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ၂၀၂၆ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။