နယ်ရုံးများ၏သတင်းများ

Aug 12,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၁၀) နာရီအချိန်က ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပပြုလုပ်သည်။
Aug 12,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် Book  Club လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့သည်။
Aug 09,2024
စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့်ရရှိသည့် အတွေးအမြင်ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာကြီး ဒေါက်တာခင်မောင်ညိုရေးသားသည့် ''လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း'' စာအုပ်ဖြင့် ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။
Aug 09,2024
လူငယ်များ ဗလငါးတန်ပြည့်စုံပြီး ဗဟုသုတများတိုးပွားစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်ပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်‌စာစောင်ပြပွဲအခမ်းအနားကို ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ်(၈)အခြေခံပညာအလယ်တန်းကျောင်း(အ.ထ.က-ခွဲ)၌ ဩဂုတ်လ ၇ ရက်နေ့ နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
Aug 09,2024
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၌ လာမည့်ဩဂုတ် (၃၀)ရက်တွင်ကျင်းပမည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးကြိုတင်ပြင်ဆင်မှုများအား ဩဂုတ်လ ၇ ရက်နေ့မွန်းလွဲ (၁)နာရီအချိန်တွင် အခမ်းအနားကျင်းပမည့် အ.ထ.က(၁)သန်လျင်သို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်းနှင့် ဦးစီးအရာရှိ ဒေါ်အိအိမွန်တို့သည် ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုလှိုင်နှင့်အတူ အခမ်းအနားကျင်းပမည့် ရတနာရှင်းသန့်ခန်းမ၊ ဓာတ်ပုံ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကျင်းပမည့်နေရာ၊ စာအုပ်အရောင်းဆိုင်နှင့် ဂိမ်းကစားမည့်နေရာများအား လိုက်လံကြည့်ရှုကြသည်။
Aug 09,2024
လူငယ်လူရွယ်များ အားကစားဆိုင်ရာအသိပညာနှင့် ဗလငါးတန်ဖွံ့ဖြိုးပြီး လူတော်လူကောင်းများပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(နတ်စင်ကုန်း)ကျောင်း၌ ဩဂုတ်လ ၇ ရက်နေ့နံနက်က ကျင်းပခဲ့ကြောင်းသိရသည်။