နယ်ရုံးများ၏သတင်းများ

Apr 25,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ကို ယမန်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Apr 25,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ ယနေ့ နံနက်ပိုင်းက Online Shopping နှင့်ပတ်သက်၍ စားသုံးသူပြည်သူများ ဝယ်ယူခြင်းမပြုမီ သတိပြုရမည့်အချက်များ အကြောင်း အသိပညာပေး(Talk Show )ဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။
Apr 25,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် လူကုန်ကူးမှုတားစီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကို ယနေ့နံနက်(၁၀)နာရီက ကျောက်တန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပခဲ့ကြသည်။
Apr 25,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ တီဘီရောဂါ နယ်လှည့် ကွင်းဆင်းရှာဖွေကုသရေးအဖွဲ့နှင့် မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ တီဘီရောဂါဝေဒနာရှင် ပြည်သူများအား ယနေ့ နံနက် ၉ နာရီမှစ၍ ဆိပ်ကြီး အရှေ့ရပ်ကွက်ရှိ မြို့ဦးစလင်း ကျောင်းတိုက် ဓမ္မာရုံတွင် အခမဲ့ဆေးကုသပေးလျက် ရှိသည်။
Apr 25,2023
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ နိုင်ငံသားစိစစ်ရေးကတ်လျှောက်ထားခြင်းဆိုင်ရာ အသိပညာပေး (Talk Show) ကို ယနေ့နံနက်(၉)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Apr 25,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် လူငယ်အသင်း Youth Club ပြန်လည်ဖွဲ့စည်းခြင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Apr 25,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် အပူဒဏ် ကာကွယ်ရေးအသိပညာပေး ဆွေးနွေးပွဲ(Talk Show) ပြုလုပ်ခဲ့သည်။
Apr 25,2023
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပြည်သူများ စာပေကို ပိုမိုလေ့လာဖတ်ရှုလာစေရန်နှင့် ဖတ်ရှုပြီးသည့် စာအုပ်စာပေများအား ပြန်လည်ဆွေးနွေးတတ်သည့် အလေ့အထများ ဖြစ်ထွန်းလာနိုင်စေရန်အတွက် ယနေ့န့နက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာပေချစ်မြတ်နိုးသူများ အသင်း(Book Club) အဖွဲ့ဝင်များ စုပေါင်း၍ စာဖတ်ဝိုင်းကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။