မိုင်းယု ဇွန် ၂၁
ရှမ်းပြည်နယ်(အရှေိ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအားချာက “လူငယ်ဆိုတာရွှေရောင်မျိုးဆက်သစ်များ” ဖြစ်ကြောင်း၊ “မူးယစ်အစ ဆေးလိပ်က” ဆိုသည့်အတိုင်း ဆေးလိပ်စသောက်မိရာမှတစ်ဆင့် လူငယ်များ၏ စူးစမ်းလိုစိတ်ကြောင့် ကွမ်းယာ၊ အရက်၊ ဘိန်းဖြူ စသည့် မူးယစ်ဆေး၏သားကောင် ဖြစ်သွားတတ်သဖြင့် မူးယစ်ဆေးကို ဝေးဝေးကရှောင်သင့်ကြောင်း၊ မူးယစ်ဆေးဝါး အမျိုးအစားများနှင့် ဆိုးကျိုးများအကြောင်း၊ အနာဂတ်မျိုးဆက်သစ် သောက်ရှူးကြယ် လူရည်ချွန် လူရည်မွန်များဖြစ်သည့် ယနေ့လူငယ်များအနေဖြင့် မူးယစ်ဆေးဝါး အရိပ်မည်းကြီးမှ ကင်းဝေးစေရန် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း” ဟောပြောခဲ့သည်။
ဆက်လက်ပြီး စာကြည့်တိုက်လက်ထောက်-၃ ဒေါ်နန်းကောင်ကျောက်က “ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း” နှင့် “မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏ အကြောင်းအရင်း” များကို ဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာမများက မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်၊ ကလေးအလုပ်သမား ပပျောက်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာပေး နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
အားချာ