နယ်ရုံးများ၏သတင်းများ

Apr 26,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် အမျိုးသမီးများဘဝမြှင့်တင်ရေး၊ အမျိုးသမီးများကျန်းမာရေး၊ လူမှုဘဝလုံခြုံရေးတို့အတွက် စာအုပ်စာစောင်ပြပွဲကို ယနေ့၊ နံနက် ၈ နာရီအချိန်က မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြသခဲ့သည်။
Apr 26,2023
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်း ဧပြီ (၂၂) ရက်နှင့် (၂၃) ရက်ညနေပိုင်းမှ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ကျေးရွာများမှ ပျက်စီးခဲ့သည့် လူနေအိမ် (၁၀၂) လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၅) ကျောင်းတို့အတွက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေနှင့် (၇) ရက်စာ ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ခြင်း
Apr 26,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) နှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀) နာရီခွဲအချိန်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Apr 26,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အမျိုးသမီးများအသင်း(Women Club)နှင့် လူငယ်များအသင်း (Youth Club)ဖွဲ့စည်းခြင်း အစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကျင်းပ ခဲ့သည်။
Apr 26,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ “ကမ္ဘာမြေကြီးကို ထိန်းသိမ်း စောင့်ရှောက်ကြပါစို့”ခေါင်းစဉ်ဖြင့် Talk Show ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ အွန်လိုင်းမှတစ်ဆင့် ရိုက်ကူးထုတ်လွှင့်ခဲ့ကြသည်။
Apr 26,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ကျောင်းသား/ကျောင်းသူများ နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယမန်နေ့နံနက်(၁၀)နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် အလယ်တန်းအဆင့် ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲ၊ စာအုပ်/စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 26,2023
ကျောင်းသား၊ ကျောင်းသူများ နွေကျောင်းပိတ်ရက်တွင် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ ဉာဏ်ရည်ထက်မြက်စေရန်၊ ဖြတ်ထိုးဉာဏ်အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှု ရင့်သန်စေရန် ရည်ရွယ်၍ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယမန်နေ့နံနက် (၁၁) နာရီတွင် မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပသည်။
Apr 26,2023
မန္တလေးခရိုင်၊ မဟာအောင်မြေ‌မြို့နယ် ကံလှဈေး၌ ယနေ့နံနက်ပိုင်းက ဝန်ထမ်းများစုပေါင်း၍ Mobile Library စနစ်ဖြင့် စာအုပ်များ သွားရောက်ငှားရမ်းပေးခဲ့သည်။