ဥတ္တရသီရိ ဇွန် ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ နေပြည်တော် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုးက အဖွင့်အမှာစကားပြောကြားပြီး နေပြည်တော် လူငယ်ရေးရာဦးစီးဌာန တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်စိုးလင်းက ကျောင်းသား၊ ကျောင်းသူများအား အားကစားနှင့် ကာပညာဆိုင်ရာကိစ္စရပ်များ တိုးပွားလာစေရေး အသိပညာပေး ရှင်းလင်းပြောကြားသည်။
ထို့နောက် နေပြည်တော် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုးက အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းရာ အလယ်တန်းပြဆရာမ ဒေါ်ဥမ္မာအောင်က လက်ခံရယူခဲ့ကြောင်း သိရသည်။
ကျော်စွာဟိန်း(ပြန်/ဆက်)