နယ်ရုံးများ၏သတင်းများ

Jun 22,2023
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် ကျောင်းစာအပြင် ပြင်ပ ဗဟုသုတရှာဖွေရန် စိတ်ဝင်စားသည့် ကလေးသူငယ်များအနေဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်၍ စာပေဖတ်ရှုလေ့လာသူများ တစ်နေ့ထက်တစ်နေ့ ပိုမိုများလာကြောင်း သိရသည်။
Jun 22,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ တာမိုးညဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တာမိုးညဲနယ်မြေရဲစခန်း၊ အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်များပြသဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီခွဲအချိန်က တာမိုးညဲမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ မီဒီယာခန်းမ၌ ဆောင်ရွက်ခဲ့သည်။       
Jun 22,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည် ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး​နေ့ အထိမ်းအမှတ်(အကြို) အသိပညာ​ပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက အ.လ.က (ခွဲ)ဝင်းကမော့ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 22,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းဝင်းအေးမှ အဖွင့်အမှာစကား ပြောကြားပေးခဲ့သည်။
Jun 22,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သစ်ဝင်တိုင်းကျေးရွာ  အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် “အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ (အကြို)” မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို  ယနေ့မွန်းလွဲပိုင်းက အဆိုပါကျောင်း စာသင်ဆောင်တွင် ကျင်းပသည်။
Jun 21,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း စားရေရိက္ခာဖူလုံစေရေးအတွက် စိုက်ပျိုးမွေးမြူ‌ရေးကဏ္ဍ တိုးတက်မြှင့်မားလာစေရေးနှင့် ခရီးသွားလုပ်ငန်းဖြင့် ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝတိုးတက် မြင့်မားလာစေရေးအတွက် ပူတာအိုမြို့သို့ ရောက်ရှိနေသော ကချင်ပြည်နယ်ဝန်ကြီးချုပ်သည် ဇွန် ၂၀ ရက် နံနက် ၈ နာရီက ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (ဒုတ္တန်) ကျောင်းဝင်းအတွင်း ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် သစ်တောဦးစီး ဌာနမှ ကျင်းပပြုလုပ် သည့် ၂၀၂၃ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပပြုလုပ်သည်။
Jun 21,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့ပူးပေါင်း၍ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးဆိုင်ရာများ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။