နယ်ရုံးများ၏သတင်းများ

Jun 23,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ (Book Club) စာအုပ်စာပေချစ်မြတ်နိုးသူများ အသင်းနှင့် (Youth Club) လူငယ်အသင်းတို့ ပူးပေါင်း၍ စာရေးဆရာ "မောင်ကျေးဇူး" ရေးသားထားသော "လူငယ်တွေလမ်းမမှားနှင့် မူးယစ်ဆေးဝါးအန္တရာယ်" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်တွင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
Jun 23,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၃ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက အခြေခံပညာကျောင်းများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ဌာနဆိုင်ရာရုံးတို့တွင် ဆောင်ရွက်ခဲ့သည်။
Jun 23,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ဒေသနေပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊‌ ကျောင်းသား၊ ကျောင်းသူများအား အလွယ်တကူ စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုနိုင်စေရန်နှင့် အသိပညာဗဟုသုတများတိုးပွားလာစေရန်
Jun 23,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များသည် ယမန်နေ့နံနက် (၉)နာရီအချိန်တွင် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို အ.မ.က(ဝိန်းဝိုင်)ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 23,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲကို ယနေ့နံနက် (၉)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။