တံတား ဇွန် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မိုးရာသီတွင်ဖြစ်ပွားသော သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိကောင်းစရာ Talk Show ကို ယနေ့နံနက်(၉)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ မိုးရာသီတွင်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါအကြောင်သိကောင်းစရာ Talk Show ကို တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်မိုးဖြူလွင်က မိုးရာသီအတွင်း ဖြစ်ပွားတတ်သော ရောဂါလက္ခဏာများနှင့် ရောဂါမဖြစ်ပွားအောင် ကာကွယ်ရန် နည်းလမ်းများ၊ ဆောင်ရန်ရှောင်ရန်များကို မေးမြန်းဆွေးနွေးရာ (Women Club) အဖွဲ့ဝင် ဒေါ်ဝေဝေလွင်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ရာတွင် တွေ့ရှိတတ်သောရောဂါလက္ခဏာများမှ ဝမ်းဗိုက်နာခြင်းဖိလျှင်နာခြင်း၊ ဆက်တိုက်အန်ခြင်း၊ အဆုတ်နှလုံးဝမ်းဗိုက်တို့တွင်အရည်စုခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ အသည်း(၂)စင်တီမီတာထက်ကြီးခြင်း၊ သွေးဖြူဥကျလာခြင်း၊ သွေးပျစ်နှုန်း pcv တက်လာခြင်း စသည့် ရောဂါလက္ခဏာများ ဖြစ်ပွားတတ်ပြီး၊ သွေးလွန် တုပ်ကွေးရောဂါမဖြစ်ပွားအောင် ကာကွယ်ရာတွင် ကလေးများနေ့ဘက် အိပ်ရင်ခြင်ထောင် ထောင်အိပ်ခြင်း၊ ခြင်မပေါက်ပွားအောင် ရေအိုး၊ ရေလှောင်ကန်များအား အဖုံးဖုံးအုပ်ခြင်း၊ ပိုးလောက်လန်းတွေ့ရင်ရေလှယ်ခြင်း၊ ဆိုင်ကယ်/ကားတာယာများ၊ ရေခွက်၊ မိုးတင်နိုင်သော အရာများအား စနစ်တကျ စွန့်ပစ်ခြင်း၊ ခြင်ခိုအောင်းနိုင်သော ခြုံနွယ်များအား ခုတ်ထွင် ရှင်းလင်းခြင်း စသည်တို့ကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ တံတားမြို့ရုံးအနေဖြင့် အများပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဖြိုးသီဟ(တံတားပြန်ဆက်)