နယ်ရုံးများ၏သတင်းများ

May 07,2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ၂၀၂၃ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ကြက်ခြေနီနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှေးဦးသူနာပြုစုနည်းအသိပညာပေး Talk Show ကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 07,2023
ခရိုင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီ ကျောင်းပိတ်ရက်၌ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးစေရန်နှင့် အချိန်ကိုအကျိုးရှိစွာကုန်ဆုံးစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာန Community Centre၌ အခြေခံတိုက်ကွမ်ဒိုသင်တန်း(အခမဲ့)ကို ယမန်နေ့ နေ့လယ် ၁ နာရီ က ဖွင့်လှစ်ခဲ့သည်။
May 07,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက ပန်းကြယ်သီးထိုးနည်း (အခမဲ့) သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
May 07,2023
ရန်ကုန်တိုင်းဒေသကြီး၊ အ‌နောက်ပိုင်းခရိုင်၊ စမ်း‌ချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ​ကမ္ဘာကြက်​ခြေနီ​နေ့အ​ကြောင်း အသိပညာပေး Talk Show ကို ယမန်နေ့နေ့လည်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
May 07,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ရုံးမှ ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရေးအတွက် အသိပညာပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
May 07,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းဘေး အန္တရာယ်နှင့်ပတ်သက်၍ သဘာဝဘေအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ် စာစောင်များပြသ ဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွှဲ (၂)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစိုက်နံရံကပ်ပြဘုတ်၌ ပြသ ဆောင်ရွက်ခဲ့သည်။
May 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့မြေစိုက်နံရံကပ်ဘုတ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။