May 05,2023
နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား လူငယ်များအချိန်ကိုအကျိုးရှိစွာ အသုံးချ တတ်စေရန်၊ စာပေဖတ်ရှုသည့် အလေ့အထများရရှိစေရန်နှင့် စာဖတ်စွမ်းရည်များ တိုးတက် မြင့်မားလာစေရန်အတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့၊ ညနေ ၃ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြု ဗဟိုဌာန (Community Centre) ရှိ ကလေးစာဖတ်ခန်း၌ ကျင်းပပြုလုပ်သည်။