နယ်ရုံးများ၏သတင်းများ

May 10,2023
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် ကျောင်းသားလူငယ်များ အားလပ်အချိန်အတွင်း အတတ်ပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ ရောင်စုံစက္ကူပန်းအလှခေါက်နည်းသင်တန်းကို ယမန်နေ့ နေ့လယ် (၁) နာရီ အချိန်က  ဖွင့်လှစ်သင်ကြားခဲ့သည်။
May 10,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ စာဖတ် သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။
May 10,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူ (Book Club) နှင့် (Youth Club) အသင်းဝင်များ ပူးပေါင်း၍ ယနေ့မွန်းလွဲ ၂ နာရီအချိန်က (Community Centre) ခန်းမတွင် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် “လောကဇာတ်ခုံပေါ်မှာ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြသည်။
May 10,2023
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနတို့ပူးပေါင်း၍ Online စနစ်ဖြင့် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အများပြည်သူ အသိပညာပေး (Talk Show) အစီအစဉ်ကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ရိုက်ကူးတင်ဆက်ခဲ့ကြောင်း သိရသည်။
May 10,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့ ရပ်ကွက်များတွင် ယမန်နေ့ ညနေ ၅ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်းအန္တရာယ် အသိပေးနှိုးဆော်ချက် လှည့်လည်ကြေညာခဲ့ကြသည်။
May 10,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ညနေ ၃ နာရီ အချိန်က ရုံးတွင်းဝန်ထမ်း(၅)ဦးဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 09,2023
ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်အတွင်း၌ အိမ်တွင်းအကြမ်းဖက်မှုများ မဖြစ်ပေါ်စေရေးအတွက် အိမ်တွင်းအကြမ်းဖက်မှု တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ကို ယနေ့မွန်းလွဲပိုင်းက ရိုက်ကူးထုတ်လွှင့်ခဲ့သည်။
May 09,2023
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်သည် ယမန်နေ့ နံနက်ပိုင်းက ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် လေဘေးအန္တရာယ်လျော့ပေါ့ရေး ကြိုတင်ကာကွယ်တားဆီးခြင်း၊ ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းများ အချိန်နှင့်တပြေးညီ ချိတ်ဆက်ဆောင်ရွက်နိုင်ခြင်းနှင့် ကြီးကြပ်ကွပ်ကဲနိုင်ရေးအတွက် မြို့နယ်သဘာဝဘေး စီမံခန့်ခွဲရေးအဖွဲ့နှင့်တွေ့ဆုံသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲသို့ တက်ရောက်ဆွေနွေးပြောကြားခဲ့သည်။