စုကလိ ဇူလိုင် ၆
ကရင်ပြည်နယ် မြဝတီခရိုင်၊ စုကလိမြို့တွင် ကျောင်းသားကျောင်းသူများအား ယာဥ်အန္တရာယ်ကင်းရှင်းစေရန်နှင့် ယာဥ်မောင်းနှင်စဥ်အတွင်း လိုက်နာရမည့် စည်းကမ်းချက်များ အကြောင်းတို့ကို ဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community canter တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ပိုပိုအောင်က ယာဥ်မောင်းသူများ လိုက်နာရမည့်စည်းကမ်းချက်များ ယာဥ်မောင်းနှင်ခြင်း မပြုမီ စစ်ဆေးရမည့်အချက်များ ကျောင်းသားလူငယ်များအနေဖြင့် လမ်းစည်းကမ်းများအား သေချာလိုက်နာတတ်စေရန်နှင့် မီးပွိုင့်အမှတ်အသားများအား သိရှိစေရန်၊ လူကူးမျဥ်းကြားမှ စနစ်တကျ လမ်းကူးတတ်စေရန် တို့ကို ဟောပြောပေးခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အခြေခံပညာအထက်တန်းကျောင်း (စုကလိ)မှ ကျောင်းသား/ကျောင်းသူများမှ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ပိုပိုအောင်