လူငယ်များ၏ ရွှေရောင်မနက်ဖန်စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ကွန်ဟိန်း ဇူလိုင် ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲခန့်က နတ်သျှင်၊ ရွှေဂူရေးသားထားသော “လူငယ်များ၏ ရွှေရောင်မနက်ဖြန်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးခွန်ရဲထွေးက စာဖတ်ဝိုင်းများပြုလုပ်ခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အထကောင်းများဖြစ်ပေါ်လာစေရေး၊ လူငယ်များအနေဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းဖြင့် ပြောဆိုဆွေးနွေးသည့် အခွင့်အလမ်းများရရှိစေရေးအတွက် စာဖတ်ဝိုင်းများကို စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားပြီး “လူငယ်များ၏ ရွှေရောင်မနက်ဖြန်”ခေါင်းစဉ်ဖြင့် စတင်ဖတ်ကြား ဆွေးနွေးခဲ့သည်။

ထို့နောက် (Boook Club) အသင်းဉက္ကဋ္ဌ ဒေါ်ခြူးမြတ်ရွှေရည်မောင်မှ “ရွှေရောင်လေးတွေ လင်းလက်ခွင့်ပေးပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာဖတ်ဝါသနာရှင် ဒေါ်စုမြတ်မွန်မှ “ဘဝအဆင့်အတန်း မြှင့်တင်ကြပါစို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာဖတ်ဝါသနာရှင် နန်းမွေဟွမ်က “ဘဝဆိုတာ အရှုံးပေးဖို့မဟုတ်ဘူး” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)