နယ်ရုံးများ၏သတင်းများ

Jul 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ပန်းတနော်မြို့နယ်တွင် လူငယ်လူရွယ်များလက်မှုအတက်ပညာများ တက်မြှောက်စေရန်ရည်ရွယ်၍ ​မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (၅၂၈)ပရဟိတအဖွဲ့တို့ပူးပေါင်းပြီး အိမ်တွင်းလက်မှုလုပ်ငန်းသင်တန်းဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန (ပန်းတနော်) အဆောက်အုံရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jul 08,2023
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Jul 08,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျား/မအခြေပြုအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က သရက်ချောင်းမြို့၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့သည်။
Jul 08,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ရေး အသိပညာပေး Talk Show ကို ယမန်နေ့ညနေ ၃ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
Jul 08,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်(၁၂)နာရီအချိန်က ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမနှင့် ခလေးစာဖတ်ခန်း၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်(အကြို) ကဗျာပြိုင်ပွဲနှင့် ကာယဉာဏ စွမ်းရည်ပြိုင်ပွဲကျင်းပ ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
Jul 08,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် အများပြည်သူများ မိုးရာသီကာလတွင် အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါနှင့် ပတ်သက်၍ဆောင်ရန်၊ ရှောင်ရန်အချက်များအား အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ယမန်နေ့ နေ့လယ် ၁ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေး (Talk Show) ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
Jul 08,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ကလေးအလုပ်သမားပ‌ပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲက လူထုအခြပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jul 08,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။