မုံရွာမြို့၌ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ (International Day of Clean Air for Blue Skies) အထိမ်းအမှတ် Talk Show ပြုလုပ်

မုံရွာ စက်တင်ဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူကိုဗဟိုပြုသော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၊ အသိပညာပြန့်ပွားရေး ပညာပေးလုပ်ငန်းများ၊ ဟောပြောပွဲများ၊ ပြပွဲ/ပြိုင်ပွဲများ၊ Talk Show များကို ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ (International Day of Clean Air for Blue Skies)အထိမ်းအမှတ် Talk Show အစီအစဉ်ကို  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်  ရိုက်ကူးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက  Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နှင်းအိအောင်က ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၇)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့ (International Day of Clean Air for Blue Skies) အထိမ်းအမှတ် “Together for Clean Air - လေထုသန့်ရှင်းဖို့ လက်တွဲပူးပေါင်းဆောင်ရွက်စို့” ဆောင်ပုဒ်နှင့်အညီ ယခုနှစ်အတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ဆောင်ရွက်သွားမည့် အကြောင်းအရာများ၊ လေထုညစ်ညမ်းမှုကို အဓိကဖြစ်ပေါ်စေနိုင်သော လုပ်ငန်းများ၊  လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ၊ လေထုညစ်ညမ်းခြင်းကို လျှော့ချပေးနိုင်မည့် နည်းလမ်းများ စသောအကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ကြကြောင်းသိရှိရသည်။

အဆိုပါ  အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့ (International Day of Clean Air for Blue Skies) အထိမ်းအမှတ် Talk Show အစီအစဉ်ကို မုံရွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Facebook page တွင် ရိုက်ကူးထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 ခရိုင်(ပြန်/ဆက်)