ချောင်းဆုံ စက်တင်ဘာ ၃
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ပြည်သူများ လူကုန်ကူးမှုဖြစ်ပွားခြင်းမှ ကာကွယ် နိုင်ရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မော်လမြိုင်ခရိုင်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု အမှတ် (၉)တို့ပူးပေါင်းကာ ယနေ့ နေ့လယ်(၁) နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီအရာရှိ ဒေါ်မိသူဇာက အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ပြောကြားပြီး မော်လမြိုင်ခရိုင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု အမှတ်(၉) မှ ရဲအုပ် အောင်ကျော်သူက လူကုန်ကူးမှု တားဆီးကာကွယ်နိုင်ရေးအတွက် သိထားသင့်သည့် အချက်များ၊ ကြိုတင်ကာကွယ်ရမည့်အချက်များနှင့် လူကုန်ကူးမှုခံရပါက ဆက်သွယ်အကူအညီတောင်းခံနိုင်သည့် နည်းလမ်းများ ဖုန်းနံပါတ်များကို ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)