တပ်ကုန်းမြို့၌ စာပေဖတ်ရှုသည့် အလေ့အထကောင်းရရှိစေရန် စာဖတ်ဝိုင်းကျင်းပ

တပ်ကုန်း စက်တင်ဘာ ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များ  ပူးပေါင်းကာ မြို့နယ်အတွင်းရှိ စာဖတ်ဝါသနာပါသူများနှင့်အတူ စာပေဖတ်ရှုသည့် အလေ့အထ ကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပလျက်ရှိရာ  စာရေးဆရာမ မေချို (ပျဉ်းမနား) ရေးသားထားသည့် “မြန်မာကို မြန်မာတို့ သိစေချင်နှင့်အခြားဆောင်းပါးများ” စာအုပ်ကို ယ‌မန်နေ့မွန်းလွဲပိုင်းက အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပသည်။

အဆိုပါစာဖတ်ပိုင်းတွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီး အရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကြည်(မောင်ကြည်မူ-ပျဉ်းမနား)နှင့်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးသိန်းဝင်းမြင့်(မြ ကျောက်အေးချမ်း)၊ ဦးမျိုးမြင့်(မျိုးမြင့်-မြန်မာစာ)၊ ဒေါ်သင်းသင်းလှိုင်(သင်းသင်းလှိုင်-တပ်ကုန်း ) တို့က စာပေဝါသနာပါသူများနှင့်အတူ စာရေးဆရာမ မေချို(ပျဉ်းမနား) ရေးသားထားသည့် “မြန်မာကို မြန်မာတို့ သိစေချင်နှင့် အခြားဆောင်းပါးများ” စာအုပ်တွင်ပါရှိသည့် “ယဉ်ကျေးမှု အမွေ တည်တံ့စေဖို့၊ တို့မြန်မာတွေ တိုးတက်ဖို့ စိတ်ဓာတ်ဖြူစင်မြှင့်တင်စို့၊ မြန်မာကို မြန်မာတို့ သိစေချင်၊ မြန်မာလိုဝတ်၍ မြန်မာလို လှစေချင်၊ မြန်မာမလေးများ အန္တရာယ်ကင်းစွာ လှစေချင်” ခေါင်းစဉ်များနှင့်­­ အခြားဗဟုသုတများ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိ ပညာဗဟုသုတများရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် စာဖတ်ဝိုင်းများကိုလည်း လစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

တင်စိုးလွင်