ပိုင်ကျုံ စက်တင်ဘာ ၁၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ လုထုအခြေပြုဗဟိုဌာန၌ ကရင်တိုင်းရင်းသားတို့၏ ရိုးရာဓလေ့ယဉ်ကျေးမှုအကြောင်းကို အများပြည်သူများ ပိုမိုသိရှိစေရန် ရည်ရွယ်၍ ဝါခေါင်လတွင် နှစ်စဉ်ကျင်းပပြုလုပ်သော ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲ ဖြစ်ပေါ်လာပုံအကြောင်း သိကောင်းစရာများ(Talk Show) ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နော်ခူးခူးနှင့် အငယ်တန်းစာရေး(ပြ) ဒေါ်အိသဲချိုတို့မှ ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ ချည်ဖြူဖွဲ့မင်္ဂလာပွဲဖြစ်ပုံလာပုံသမိုင်းကြောင်း၊ ချည်ဖြူဖွဲ့ရာတွင် ပါဝင်သောပစ္စည်းများနှင့် ကရင်လူမျိုးများအနေဖြင့် မိမိတို့၏ ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲကို မပျောက်ပျက်အောင် ထိန်းသိမ်းရမည့်အချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများ အသိပညာဗဟုသုတရရှိစေရေးအတွက် ပိုင်ကျုံမြို့ ပြည်သူ့စာကြည့်တိုက် Page တွင် ကဗျာရွတ်ဆိုခြင်း၊ ပုံပြင်ပြောပြခြင်း၊ စက္ကူခေါက်ခြင်း၊ စာအုပ်မိတ်ဆက်ခြင်းများအပြင် ဗဟုသုတရရှိစေမည့်အကြောင်းအရာများကို အသိပညာ ပေး(Talk Show) ဆွေးနွေးပွဲအဖြစ် လစဉ်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နော်ခူး( ပြန်/ဆက် )