မက်မန်း စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး (Talk Show) ရိုက်ကူခြင်းကို မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ရိုက်ကူးခဲ့သည်။
ထိုသို့ ရိုက်ကူးရာတွင် မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာချို (လက်ထောက်ညွှန်ကြားရေးမှူး)က လူကုန်ကူးမှု၏ အဓိပ္ပာယ်၊ လူကုန်းကူးခံရမှုဖြစ်ပေါ်စေသည့် အကြောင်းအရင်းများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ လူကုန်ကူးမှုပြဿနာများ၊ ရွှေ့ပြောင်းသွားလာနေထိုင်မှု၊ ဆင်းရဲခြင်း၏ ပြဿနာများ၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ လူကုန်ကူးမှုနှင့်ပတ်သတ်သော ပြစ်ဒဏ်များအကြောင်း၊ လူကုန်ကူးမှုဖြစ်ပေါ်ပါက တိုင်းကြားနိုင်မည့် ဖုန်းနံပါတ်များကို ဆွေးနွေးခဲ့သည်။
ထို့နောက် ဒေါ်အေးဝင်းခိုင် (ဦးစီးအရာရှိ)က ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့လူကုန်ကူးမှုတိုက်ဖျက်ရေး ရည်ရွယ်ချက် (၄) ရပ်အားလည်းကောင်း၊ လူကုန်ကူးမှု၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများအကြောင်း၊ ပြန်လည်ထူးထောင်ရေးလုပ်ငန်းများအကြောင်း၊ ခေတ်အဆက်ဆက် လူကုန်ကူးမှုပုံစံများအကြောင်းကို ဆွေးနွေးခဲ့သည်။
အဆိုပါ အသိပညာပေး ( Talk Show) အား မက်မန်းခရိုင်၊ ပြည်သူ့စာကြည့်တိုက် Page နှင့် ရွှေမော်ဖ Page တို့တွင် လွှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)