ပျော်ဘွယ် စက်တင်ဘာ ၁၃
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ မူလတန်းအဆင့်ပုံပြင်ပြောနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်ရုံး Community Centre ခန်းမတွင်ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက ယခုလိုပြိုင်ပွဲကျင်းပရခြင်းသည် ကျောင်းသား၊ကျောင်းသူများအနေဖြင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေး၊ ကောင်းသောယှဉ်ပြိုင်မှုနှင့် ယှဉ်ပြိုင်တတ်စေရေး၊ နေ့ကြီးရက်ကြီးများ အလိုက်ကျင်းပပြုလုပ်သည့်ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်စေရေးတို့အတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်းကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ မြို့နယ်အတွင်းအခြေခံပညာကျောင်း(၅)ကျောင်းမှ မူလတန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၁၃)ဦး၊ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၁၅)တို့က မိမိတို့စိတ်ကြိုက် ခေါင်းစဉ်များဖြင့်ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)