နွားထိုးကြီး စက်တင်ဘာ ၁၃
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ယမန်နေ့နံနက် (၁၀)နာရီအချိန်က စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာခင်မောင်ညို၏ လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိ ဦးတင့်လွင်ဦးမှ စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းပြပြီး (Book Club) အဖွဲ့ဝင်များက တကယ်တော့ ပုဂ္ဂလိကဖြစ်စေ အစိုးရဌာနဖြစ်စေ ဌာနတစ်ခုခုမှာ အလုပ်ဝင်လုပ်တဲ့အခါ အဲဒီဌာနဟာ မိမိရဲ့မိသားစုပဲဆိုတာကို မမေ့နဲ့၊ မိသားစုဝင်တွေဆိုတာ ကောင်းမွေ ဆိုးမွေကိုခံရသူတွေဖြစ်တယ်၊ မိဘကအိုးတွေအိမ်တွေ ရွှေငွေဥစ္စာရတ နာတွေချန်ခဲ့ရင် သား သမီးတွေကအမွေခံရတယ်၊ ဒါတွေဟာ ကောင်းမွေတွေပေါ့၊ ဆိုးမွေဆိုတာက တော့ အခြားသူကို ပေးဆပ်ဖို့အကြွေးတွေ ကျန်တာမျိုးပေါ့၊ ဒီထက်ဆိုးတာက နာမည် ဒါမှမဟုတ် သိက္ခာပဲပေါ့၊ ဒီနာမည်နဲ့ သိက္ခာကိုတော့ သားသမီးတွေမကဘူး ဆွေမျိုးအသိုက်အဝန်တွေပါ အမွေခံ ရရှိတယ်၊ ဒါ့ကြောင့် မိသားစုစိတဓာတ်ဆိုတာ အားလုံးကောင်းစာရေးအတွက် အတူတကွ လက်တွဲလုပ်တာ ဖြစ်လေသည်ဟု စာရေးဆရာ ဒေါက်တာခင်မောင်ညို၏ လူငယ်နှင့် အကောင်းဆုံးဘဝကိုတည်ဆောက်ခြင်း စာအုပ်ပါအကြောင်းအရာများမှနားလည်မှတ်သားထားရှိမှုများကိုနွားထိုးကြီးမြို့ နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့်အတူတစ်ဦးချင်းအပြန် အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းအောင်ဇော်