Aug 21,2023
လူငယ်များ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ လေ့လာဖတ်ရှုတတ်စေရန်၊ အနာဂတ်တွင်အားကိုး အားထားရသော လူတော်၊ လူကောင်း၊ လူရည်မွန်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျောက်တော်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးသည့် လူငယ်ပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲကို ယနေ့မွန်းလွဲပိုင်းက အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်သည်။