ရန်ကုန် ဖေဖော်ဝါရီ ၂၄
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ် အ.ထ.က(၄)ကျောင်းတွင် ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျောင်းမှ ကျောင်းသား/ကျောင်းသူများ၏ ထောက်ပံ့မှုဖြင့် မေတ္တာဆေးခန်း ဖွင့်လှစ်ပြီး အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများအား ဆေးကုသပေးခဲ့ကြောင်းသတင်းရရှိသည်။
ထိုသို့ အ.ထ.က(၄) ပုဇွန်တောင်တွင် သက်ကြီးရွယ်အို အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများအား မေတ္တာဆေးကုခန်းမှ ဆေးကုသပေးရာ ဆရာကြီး၊ ဆရာမကြီး(၃၆)ဦးအား အခမဲ့ ဆေးစစ်ပေးခြင်း၊ ဆေးကုသပေးခြင်းများဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
နေခြည်(ပြန်/ဆက်)