ကျောက်ဆည်မြို့ ကုလကျေးရွာတွင် ပြည်သူ့စကားဝိုင်း ပြုလုပ်မည်

ကျောက်ဆည်  ဖေဖော်ဝါရီ  ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ကျားကာကျေးရွာအုပ်စု၊ ကုလကျေးရွာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်များပူးပေါင်းပြီး ဖေဖော်ဝါရီ (၂၅) ရက် နံနက် (၉) နာရီတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်ဆွေးနွေးပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းထွန်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးအရာရှိ ဒေါ်တင်တင်ထွေး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ထိုက်ထိုက်စိုး၊ မြို့နယ် လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မာဝေ၊ မြို့နယ်လယ်ယာမြေစီမံခန့် ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသန့်ဇင်၊ သံရွာကျေးရွာ ကျေးလက်ကျန်းမာရေးဌာနမှ အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်သီတာထွေးတို့က ပြည်သူများနှင့် ရွာလယ်ဓမ္မာရုံတွင် တွေ့ဆုံပြီး ဌာန အသီးသီးမှ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများအကြောင်း ဦးဆောင် ဆွေးနွေးသွားကြပြီးဖြစ်ပြီး ပြည်သူများမှ ၎င်းတို့ကျေးရွာအတွက် လိုအပ်မည့် ဖွံ့ဖြိုးရေး လုပ်ငန်းများ ပြန်လည်တင်ပြဆွေးဆွေးမှုများကို နားထောင်ကာ ဖြည့်ဆည်းဆောင်ရွက် ပေးသွားကြမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)