ကျိုင်းတုံ ဖေဖော်ဝါရီ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ်၊ ခေမရဌ်ခန်းမ၌ ဧကဒသမအကြိမ် ဘွဲနှင်း သဘင်အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပသည်။
အခမ်းအနားတွင် ကျိုင်းတုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစမ်းစမ်းမာက မိန့်ခွန်းပြောကြားပြီး ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်တွင် အောင်မြင်ခဲ့ကြသည့် ဝိဇ္ဇာ၊ သိပ္ပံ ရိုးရိုးဘွဲ့ရရှိသူ ၁၃၄ ဦးနှင့် ဝိဇ္ဇာ၊ သိပ္ပံဂုဏ်ထူးဘွဲ့ရရှိသူ ၅၃ ဦးနှင့် ဝိဇ္ဇာ၊ သိပ္ပံမဟာဘွဲ့ရရှိသူ ၂၅ ဦးတို့အား တာဝန်ရှိသူများက ဘွဲ့လက်မှတ်များအသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ကျိုင်းတုံတက္ကသိုလ်တွင် ၁၉၉၈ ခုနှစ်မှ ယနေ့ထိ ဝိဇ္ဇာ၊ သိပ္ပံဘွဲ့ရမောင်မယ် ၁၈၅၂ ဦးအား ဘွဲ့လက်မှတ်များ အပ်နှင်းပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)