ထန်းတပင် ဖေဖော်ဝါရီ ၂၄
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက စာရေးဆရာ ပါရဂူ၏ "ရေစီးကြောင်း" စာအုပ်ဖြင့် စာပေမြတ်နိုးသူများအဖွဲ့နှင့် စာဖတ်ဝိုင်းကို ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်တင်အိအိဝင်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်းအကြောင်းကို ပြောကြားပေးခဲ့သည်။ ဆက်လက်၍ တက်ရောက်လာကြသော စာပေမြတ်နိုးသူများအဖွဲ့မှ ဦးခင်မောင်ညွန့်က "တူနေသော စုတ်ချက်သုံးချက်" ခေါင်းစဉ်ဖြင့်လည်ကောင်း၊ ဦးတင်ရွှေက "ဒေါင်းမင်းသမီးလား မနောဟရီလား" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးဖိုးကိုမှ "နောင်ရိုးတိုက်ပွဲနှင့် ချင်းမြို့သိမ်းပွဲ" ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းထွန်း(ပြန်/ဆက်)