Aug 18,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်တွင် နေ့စဉ် စာငှားစာဖတ် လာရောက်ကြသူများအနေဖြင့် လူကုန်ကူးမှု အန္တရာယ် ဆိုးကျိုးများကို သိရှိစေပြီး ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယနေ့နံနက်ပိုင်းမှစ၍ မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ် စာစောင်များကို ပြသထားပေးကြောင်း သိရသည်။