နယ်ရုံးများ၏သတင်းများ

Aug 19,2020
ရန်ကုန်အ​နာက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်း ပေးခြင်းကို ယနေ့ နေ့လယ် ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သွားရောက်ငှားရမ်း ဆောင်ရွက် ပေးခဲ့သည်။
Aug 19,2020
စာပေဝါသနာပါသူ၊ စာဖတ်ဝါသနာပါသူများ လက်ဝယ်အရောက် စာပေဖတ်ရှုနိုင်ရေးအတွက် (Mobile Library) ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ပြည်သူလူထု စာပေနှင့် စဉ်ဆက် မပြတ်နေစဉ်ထိတွေ့ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း စာပေဖတ်ရှုနိုင်ရန် ရည်ရွယ်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
Aug 19,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူ များ အသိပညာ တိုးပွားစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် စာရေးဆရာကျော်ဝင်း ရေးသားသော “နှစ်ဆယ့်တစ်ရာစု သားရွှေဉ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြု ဗဟိုဌာန (Community Center)တွင် ကျင်းပခဲ့သည်။
Aug 19,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့ နံနက်(၁၀)နာရီက အသိပညာပေးနံရံကပ် စာစောင်များကို ပြသဆောင်ရွက်ခဲ့ကြသည်။
Aug 19,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ စားဝတ်နေရေးအဆင်ပြေစေရေး အတွက် နိုင်ငံတော်အစိုးရ က ဒုတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၃နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 19,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီအချိန် က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
Aug 19,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဘုန်းတော်ကြီးကျောင်းများရှိ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် အဓိကဖြစ်သည့် Mask များကို ယမန်နေ့နံနက်
Aug 19,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုင်ဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး ဆန္ဒမဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းတိုက်ဆိုင် စစ်ဆေးခြင်းများကို ယမန်နေ့နံနက် ၉နာရီ က ရပ်ကွက်၊ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေးသည်။