နယ်ရုံးများ၏သတင်းများ

Aug 18,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ ရပ်ကွက်(၂)၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ၏ အိမ်ထောင်စုများအား ဒုတိယအကြိမ်ငွေကြေးထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နေ့လည် (၁:၀၀)နာရီအချိန်က ပင်လုံမြို့ရပ်ကွက်(၂) အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 18,2020
ပဲခူးခရိုင်၊ ဒိုက်​ဦးမြို့နယ်​ကျေးလက်​ ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန​မှ ကျေးရွာမတည်​ရန်​ပုံ​ငွေစီမံကိန်း(VRFP) ရန်​ပုံ​ငွေလွှဲ​ပြောင်း​ပေးအပ်​ပွဲ အခမ်းအနားကို သြဂုတ်​လ(၁၇)ရက်​နေ့၊ မွန်းလွဲ(၂)နာရီ အချိန်​ကမြို့နယ်​ကျေးလက်​ဒေသဖွံ့ဖြိုး တိုးတက်​ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Aug 18,2020
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်-ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လည်(၁၁)နာရီအချိန် က မဲဆန္ဒရှင်စာရင်းများမှန်ကန်ပြည့်စုံစေရန် အတွက် ရပ်/ကျေးကော်မရှင်အ တွင်းရေးမှူးများနှင့် တွေ့ဆုံ၍မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူနှင့်ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်မျိုး တို့ က စီစစ်ခြင်းကိုပြုလုပ်ခဲ့သည်။
Aug 18,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ မိုးတွင်းကာလ အများပြည် သူများသွားလာရေးအဆင်ပြေစေရန်နှင့် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်အတွက်၂၀၁၉−၂၀၂၀ တိုင်းဒေသကြီ
Aug 18,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ်၌ မိုးရာသီသစ်ပင်များစိုက်ပျိုး ဆောင်ရွက်ခြင်း ကို ယမန်နေ့ နံနက် ၁၀နာရီကစ၍ လှိုင်သာယာမြို့နယ် သာသန မကုဋ အတုလ ဗိမာန်တော်ကြီးတွင် မြို့နယ်ကြက်ခြေနီတပ်သူနာပြုတပ်ဖွဲ့ဝင်များ၊ ဦးဇေကိုကိုဦးဆောင်သော လူမှုပရဟိတအဖွဲ့များစုပေါင်း၍ စိုက်ပျိုးသည်။
Aug 18,2020
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ၂၀၂၀ပြည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲကာလအတွင်း အငြင်းပွားမှုများဖြစ်ပေါ်လာပါက ဖြေရှင်းပေးနိုင်ရေး အတွက် စေ့စပ်ညှိနှိုင်းရေး ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့ ၃ နာရီခွဲက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ဆောင်ရွက်ကြသည်။