နယ်ရုံးများ၏သတင်းများ

Aug 19,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်းရှိ ၂၀၁၀ စက်တင်ဘာလမှ ၂၀၁၁ ဩဂုတ်လအတွင်း မွေးဖွားသူ မိန်းကလေးများ၊ တစ်နည်းအားဖြင့် အသက် ကိုးနှစ်မှ တစ်ဆယ်နှစ်အထိ ပြည့်ပြီးမိန်းကလေးများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပုံမှန်ကာကွယ်ဆေးထိုးပေးလျက် ရှိသည်။
Aug 19,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးကော် မတီ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အထွေထွေပိုလျှံငွေ (GRF) ဖြင့် ဆောင်ရွက်မည့် ငွေလုံးငွေရင်းလုပ်ငန်းများ တင်ဒါဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲ အချိန် က မြို့နယ်စည်ပင်သာယာရေးဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 19,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးခွင့် ရရှိစေရေးနှင့် အမည်များပြည့်စုံမှန်ကန်မှုရှိစေရန် ရပ်ကွက်များတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော ဦးဆောင်သော ပူးပေါင်းအဖွဲ့များက ကွင်းဆင်း၍ ယနေ့နံနက် ၉ နာရီအချိန် က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Aug 19,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်၊ ခိုလုံရပ်ကွက်၊ မြို့မရဲစခန်းအနီး ပြည်ထောင်စု လမ်းမကြီး၌ ယနေ့နံနက်(၅:၃၀)နာရီအချိန် က မိုးအဆက်မပျက်ရွားသွန်းမှုကြောင့် ကမ်းပါးပြို၍ သစ်ပင်ကြီးလဲရာမှ လမ်းဘေးရှိ လျှပ်စစ်မီးတိုင်များ လဲပြိုခဲ့ကြောင်း သိရသည်။
Aug 19,2020
ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူခရိုင် ၊ တောင်ငူမြို့နယ်၌ ကိုဗစ်-၁၉ ကာလအတွင်း လူစုလူဝေးခြင်းများ မပြုလုပ်ရန် ကန့်သတ်ထားခဲ့ရာမှ ယခုအခါ လူ (၃၀)ဦးထက်မပိုသော လုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီဌာန၏ ညွှန်ကြားချက်များနှင့် အညီဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ယမန်နေ့ ၃ နာရီအချိန်က ဘာသာရေးအဖွဲ့အစည်းပေါင်းစုံမှာ တာဝန်ရှိသူများနှင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 19,2020
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင်  ကျင်းပပြုလုပ်မည့်  ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ၌ အခြေခံမဲဆန္ဒရှင်စာရင်းများပြည်စုံ မှန်ကန်မှုရှိရေးနှင့်  ကျန်ရှိမှုမရှိရေးအတွက် မဲစာရင်းများ
Aug 19,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၁) ရပ်ကွက်ရှိ ရာဇသင်္ကြန် ဈေး၌ ကိုဗစ်-၁၉ရောဂါ ကာလ နှာခေါင်းစည်း (Mask) တပ်ဆင်၍ သွားလာရန် အသိပေးနှိုး ဆော်ခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်က လက်ကိုင်အသံချဲ့စက်များဖြင့်လှည့်လည်၍ အသိပေးနှိုး ဆော်ခဲ့သည်။