ရန်ကုန် ဩဂုတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မြို့နယ်နေပြည်သူများအဆင်ပြေစွာ သုံးစွဲနိုင်စေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်ခန်းမ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးကို ယမန်နေ့ ညနေ(၄)နာရီအချိန်က မြို့နယ်ခန်းမတွင် ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် အင်းစိန်မြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ်များက မြို့နယ်နေပြည်သူများ အဆင်ပြေစွာ သုံးစွဲနိုင်ရေး အတွက် ဆွေးနွေးခဲ့ပြီး မြို့နယ်ခန်းမစီမံခန့်ခွဲရေးကော်မတီမှလည်း လွှတ် တော် ကိုယ်စားလှယ်များ၊ မြို့နယ် အုပ်ချုပ် ရေးမှူးတို့၏ လမ်းညွှန်ချက်များကို အလေးထားပြီး မြို့နယ် နေပြည်သူများအတွက် အလေးထားဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြန်လည်ဆွေးနွေး ခဲ့သည်။
အစည်းအဝေးသို့ အင်းစိန်မြို့နယ်၊ တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်၊ တိုင်းဒေသကြီး(၂) လွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းနိုင်၊ မြို့နယ်ခန်းမ စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်အေး(မြို့မိမြို့ဖ)နှင့် ကော်မတီဝင်များ၊ တောင်သူကုန်း ရပ်ကွက်နှင့် ရွာမအရှေ့ရပ် ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရ သည်။
ဇွဲထက်ကို(ပြန်/ဆက်)