ရွာသစ် ဩဂုတ် ၁၈
ကျေးလက်နေပြည်သူများ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ လူကုန်ကူးမှု အန္တရာယ်နှင့် ပတ်သက်သည့် အသိပညာ ဗဟုသုတ များ ရရှိစေရန် ရည်ရွယ်၍ ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်း များသည် ဝမ်လွဲ့ကျေးရွာသို့ သွားရောက်ကာ နယ်လှည့်စာကြည့်တိုက်လုပ်ငန်း၊ လူကုန်ကူးမှု အန္တရာယ် တားဆီး ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်း ဆောင်ရွက် ခဲ့ကြသည်။
အဆိုပါအသိပညာပေး လှုပ်ရှားဆောင်ရွက်မှုကို ကိုဗစ်−၁၉ ကာလ ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာန၏ ညွှန်ကြားချက်နှင့် အညီ ဆောင်ရွက်ခဲ့ပြီး လူကုန်ကူးမှုအန္တရာယ်တားဆီး ကာကွယ်ရေးနှင့် ပူးပေါင်း ဆန့်ကျင်ရေး အကြောင်းအရာများ၊ ကျေးလက်ေန ပြည်သူများ သိသင့်သိထိုက်သော လူကုန် ကူးမှု မြောက်စေသည့် အချက်အလက်အကြောင်းအရာများ၊ အသိပေး တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ ဖုန်းနံပါတ်များနှင့် လူကုန်ကူးမှုဆိုင်ရာ ပြစ်မှု/ပြစ်ဒဏ်များ အကြောင်းကို ဟောပြောဆွေးနွေးခြင်း၊ နံရံကပ် စာစောင်များ ပြသခြင်း၊ နယ်လှည့်စာကြည့်တိုက်ဖြင့် စာအုပ်/စာစောင်များကို ငှားရမ်းပေးခြင်း များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နန်းဆွေဆွေအေး(ပြန်/ဆက်)