နယ်ရုံးများ၏သတင်းများ

Aug 11,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် ဇူလိုင်လ ၂၅ ရက်မှစတင်၍ ပထမအကြိမ် ထုတ်ပြန်ကြေငြာထားပေးရာ ယနေ့အထိ မဲစာရင်း လာရောက်ကြည့်ရှုသူ ဦးရေ ၅၀၀၀ ဦးခန့်ရှိပြီး လာရောက်လျှောက်ထားသူ၊ ကန့်ကွက်သူနှင့် ပြင်ဆင်သူဦးရေ ၁၀၀၈ ဦး ရှိကြောင်း သိရသည်။
Aug 11,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့ စက်မှုလယ်ယာဦးစီးဌာန အစည်းအဝေးခန်းမတွင် တောင်သူလယ်သမားများလယ်ယာသုံး စက်ကရိယာများစနစ်တကျ ကိုင်တွယ်အသုံးပြုတက်စေရန်ရည်ရွယ်၍ (၁/၂၀၂၀) လယ်ယာသုံးစက်ကရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံ သင်တန်းဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ ၁၁ ရက်နေ့နံနက် ၉ နာရီအချိန်က ကျင်းပသည်။
Aug 11,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင် စာရင်းများကို ဩဂုတ်လ ၉ ရက်နေ့မှစ၍ ပညာရေးဝန်ကြီးဌာန အွန်လိုင်း ဝက်ဘ်ဆိုက်များမှ ထုတ်ပြန်ကြေ ညာခဲ့ပြီး ယမန်နေ့နံနက်ပိုင်းမှစတင်ကာ အခြေခံပညာ အထက်တန်းကျောင်းများတွင် ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်း သိရှိရသည်။
Aug 11,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ပင်လုံလမ်းရှိ မီးသတ်ဦးစီးဌာန၊ သင်တန်းခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက  အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၀) ဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
Aug 11,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်းမှ ရာသီပေါ်သီးနှံဖြစ်သော ဒေသခြံထွက် တညင်းသီးများသည် ယခုနှစ်တွင် အထွက်နည်းပြီး အထူးရောင်းအားကောင်းကာ ယခင်နှစ်ထက် ဈေးပိုမိုရရှိကြောင်း သိရသည်။
Aug 11,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန် ရည်ရွယ်၍ တန်းမြင့်ကျော်လမ်း လူတန်းစင်္ကြန်ပလက်ဖောင်း ပြုလုပ်ခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်က ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။
Aug 11,2020
၂ဝ၂ဝပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင် စာရင်းများ ရရှိရန်နှင့် မဲဆန္ဒရှင်များ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် ပထမအကြိမ်အဖြစ် မဲဆန္ဒရှင် အမည်စာရင်းများကို မောက်မယ်မြို့နယ်အတွင်းရှိ သတ်မှတ်မဲရုံနေရာအသီးသီးတွင် ဇူလိုင်လ (၂၅) ရက်မှစ၍ ထုတ်ပြန်ကြေညာထားရာ ယမန်နေ့အထိ မဲစာရင်းကပ်ထား ကြေညာရာနေရာသို့ လာရောက်ကြည့်ရှု၍ ပြင်ဆင်ရန်အတွက် လျှောက်ထား လျှက်ရှိသည်။