ပေါက်ခေါင်း ဩဂုတ် ၁၈
ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ တွင် ယနေ့နံနက် ၉ နာရီက ပြန်/ဆက်ဦးစီးဌာနနှင့် စာပေချစ်သူများအသင်း Book Club တို့ ပူးပေါင်းပြီး စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပ ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်ဥမ္မာကျော်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် စာပေချစ်မြတ်နိုးသူများအသင်း ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးက နှုတ်ခွန်းဆက် စကားပြောကြားပြီး စာရေးဆရာဖေမြင့် ၏ တန်ဖိုးထားအပ်သောအရာများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဦးဆောင်ဆွေးနွေးခဲ့သည်။ ဆက်လက်၍ Book Club အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက စာအုပ်အကြောင်းအရာ ခေါင်းစဉ်များအလိုက် တစ်ဦးချင်းစီ ဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)