နမ့်စန်(တ) ဩဂုတ် ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့ စာကြည့်တိုက်တွင် နေ့စဉ် စာငှားစာဖတ် လာရောက်ကြသူများအနေဖြင့် လူကုန်ကူးမှု အန္တရာယ် ဆိုးကျိုးများကို သိရှိစေပြီး ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယနေ့နံနက်ပိုင်းမှစ၍ မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ် စာစောင်များကို ပြသထားပေးကြောင်း သိရသည်။
အသိပညာပေးနံရံကပ်စာစောင်တွင် လူကုန်ကူးမှုများစတင်ဖြစ်ပေါ်လာပုံ၊ လူကုန်ကူးခံရခြင်း၏ ဆိုးကျိုးများ၊ ထိခိုက်ဆုံးရှုံးမှုများ၊ ရွှေ့ပြောင်းသွားလာရာတွင် သတိပြုရမည့်အချက်များ၊ လူကုန်ကူးမခံရစေရန် ဆောင်ရန်/ရှောင်ရန်အချက်များ၊ လူကုန်ကူးမှုနှင့်ပတ်သက်သည့် ပြစ်မှု ပြစ်ဒဏ်များနှင့် အခြားအသိပညာပေး စာစောင်များ၊ ဓာတ်ပုံများနှင့် ကာတွန်းများကို ပြသ ထားသည့်အပြင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ နှင့်ပတ်သက်သည် များ၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးစာစောင်များကိုလည်း ပြည်သူများ အလွယ်တကူ ကြည့်ရှုလေ့လာနိုင်ရန်အတွက် မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် နေ့စဉ်ပြသ ထားပေးကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဥမ္မာအောင် ထံမှ သိရသည်။
သူရအောင်(ပြန်/ဆက်)