ရန်ကုန် သြဂုတ် ၁၈
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Center တွင် ယနေ့နံနက် (၉:၃၀)နာရီ အချိန်ကစ၍ အသက် ၆လမှ အသက်(၅)နှစ်ထိ ကလေးများအား VH-A အားဆေးနှင့် သံချဆေးတိုက်ခြင်း လုပ်ငန်းများကို ရပ်ကွက်တာဝန်ခံကျန်းမာရေးမှူးဒေါ်ဝါဝါနိုင်နှင့် အဖွဲ့များက ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ အသက်(၆)လမှ အသက်(၅)နှစ် ကလေးငယ်များအား VH-A(၂) သိန်းအားပါရှိသည့် အနီရောင်ဆေးနှင့် အဖြူရောင်ရှိသည့် သံချဆေးများအား တိုက်ကျွေးသည့်လုပ်ငန်းများ ဆောင်ရွက်ပြီး၊ ကလေးမိခင်များကိုလည်း ကျန်းမာရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
အေးအေးချို(လှိုင်၊ ပြန်/ဆက်)