နယ်ရုံးများ၏သတင်းများ

Aug 28,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ခရိုင်ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းမှ  ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း ပြည်သူ့စာကြည့်တိုက်သို့  မလာရောက်နိုင်သည့်  စာဖတ်ပရိတ်သတ်များ၊  စာပေချစ်သူများ အတွက် Online မှ တစ်ဆင့် ပုံပြင်ပြောခြင်း၊ ရောင်စုံစက္ကူဖြင့်အရုပ်ခေါက်ခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်များ မိတ်ဆက်ခြင်း၊  ဆေးရောင်ခြယ်ပန်းချီဆွဲခြင်း လုပ်ငန်းများကို  အပတ်စဉ်  ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့များတွင်  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Aug 28,2020
ကိုဗစ်-၁၉ ကာလအတွင်း ထိခိုက်နစ်နာခဲ့သည့် ငါးမွေးမြူရေးတောင်သူများ ပြန်လည်ထူထောင်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၏ (CERP) စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက်အရ ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ညောင်ရွှေမြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများအား ငါးသား ပေါက်များ ဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ (၂)နာရီအချိန် က ညောင်ရွှေမြို့ နယ်၊ ငါးလုပ်ငန်းစခန်း၌ ပြုလုပ်ခဲ့သည်။
Aug 28,2020
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဦးဆောင်၍ ဖွင့်လှစ်ခဲ့သော ကိုဗစ် - ၁၉ ၏ စီးပွား​ရေး ထိခိုက်မှ သက်သာရေး စီမံချက် ( CERP )အရ ပြုလုပ် သည့် မွေးမြူရေး သင်တန်းများအားလုံး ဖွင့်လှစ်ပြီးစီးပြီဖြစ်‌ကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာဆွေမူဟန်က သြဂုတ်လ ၂၈ ရက်နေ့က ပြောကြားခဲ့သည်။
Aug 28,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ မြို့သစ်ကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေး ကုသမှု (CERP) အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေ ပေးအပ်ပွဲ နှင့် ပေါင်းရှင်းတမန်းနိုး ကွင်းသရုပ်ပြပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ အချိန်တွင် တောင်သူဦးမြင့်ဝင်း၏ လယ်ကွင်းအတွင်း၌ ကျင်းပခဲ့ရာ ဟိုင်းကြီးကျွန်းမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။
Aug 28,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီးရှေ့လမ်းဆုံနှင့် ဟိုပုံးမြို့မဈေးသွားလမ်းတွင် နှာခေါင်းစည်း Mask များ ဖြန့်ဝေ ခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီအချိန် က စတင်၍ ဆောင်ရွက်ခဲ့ ကြသည်။
Aug 28,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး စီမံခန့်ခွဲမှု အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီ က သဗ္ဗညုဘုန်းတော်ကြီးကျောင်းတွင် ကျင်းပသည်။
Aug 28,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ Economic Relief Plan (CERP) အစီအစဉ်အရ စီးပွားရေး ပြန်လည်ကုစားမှုအနေဖြင့် မျိုးစေ့ထုတ်တောင်သူ (၅)ဦး၏ စုစုပေါင်းလယ်ဧက (၁၅)ဧကအတွက် မျိုးစေ့များနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန် က ကျိုင်းတောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နမ့်တိန်းခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 28,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများမှ ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ)ဖြင့် လျှောက်ထားသူများအား မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ့ရုံး၌ မဲစာရင်းထည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။