Sep 11,2020
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ဘုရားကြီး ရပ်ကွက်၌ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ် ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလများအတွက် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေအိမ်တိုင်ရာရောက် ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ၃နာရီက သက်ကြီးဘိုးဘွား တစ်ဦးချင်း အလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်ခင်သွယ်သွယ်ထွဋ်က လိုက်လံပေးအပ်ကြောင်း သိရသည်။