ငွေဆောင်မြို့၌ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့

ငွေဆောင်    အောက်တိုဘာ   ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား အခြေခံ စားသောက်ကုန်များ ထောက်ပံ့လှူဒါန်းခြင်းကို ငွေဆောင်မြို့ အမှတ်(၃)ရပ်ကွက် မြို့မလမ်း၌ ယနေ့ နံနက် ၈ နာရီအချိန်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါထောက်ပံ့ပေးအပ်ရာတွင် ငွေဆောင်မြို့ မြတ်ဒါနလူမှုကူညီရေးအသင်းနာယက ဦးကြည်တိုး ဦးဆောင်၍ နန်းတော်ဝင်စတိုး၊ ပွင့်လင်းအောင် ကုန်စည်ပို့ဆောင်ရေး မိသားစုများမှ ငွေဆောင်မြို့အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ငွေကျပ် (၃၅၂၅၀၀) တန်ဖိုးရှိသည့် ဆန်(၆)အိတ်၊ ဆီ(၃)ပုံး၊ ကြက်ဥ အလုံး(၃၀၀)တို့ကို အိမ်ထောင်စု (၇၀)စုအား ခွဲဝေ၍ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မူမူသွင်(ပြန်/ဆက်)