နယ်ရုံးများ၏သတင်းများ

Aug 28,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက်(၁၀:၃၀)အချိန်တွင် ကိုဗစ် ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ ပြုလုပ်သည်။
Aug 28,2020
ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
Aug 28,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မဲဆန္ဒရှင်စာရင်း စိစစ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ပြုလုပ်ခဲ့သည်။
Aug 28,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ် မန္တလေး−ဗန်းမော် ကားလမ်းမပေါ် အောက်လေးလမ်းဆုံ၌ ယနေ့ နံနက် ၄ နာရီအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်း ဦးဆောင်သော ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Aug 28,2020
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် စည်ပင်သာယာရေးကော်မတီ၏ ၂၀၂၀ - ၂၀၂၁ ဘဏရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များ (အခြားနည်း) တင်ဒါစနစ်ဖြင့် လေလံတင် ရောင်းချခြင်းကို ယနေ့ နံနက် ၁၀ နာရီတွင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 28,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့သို့ ရခိုင်ပြည်နယ် မောင်တောမြို့မှ ရောက်ရှိလာသူ အသက်(၂၇)နှစ်အရွယ် အမျိုးသမီးတစ်ဦးအား ပုံပါကျင်မြို့ ၎င်း၏နေအိမ်တွင် ယမန်နေ့ ည (၉:၃၀)နာရီအချိန် က Home Quarantine ထားရှိကြောင်း သိရသည်။
Aug 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စာရေးဆရာများ ပူးပေါင်း၍  ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ဌာန ပြည်သူ့စာကြည့်တိုက်တွင်  စာဖတ်ဝိုင်းပြု လုပ်ခဲ့သည်။