ထန်းတပင်မြို့နယ်တွင် (HPV) ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုထန်းတပင်မြို့နယ်တွင် (HPV) ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ် တွင်စတင်ထည့်သွင်း ထိုးနှံခြင်းဖွင့်ပွဲအခမ်းအနားကျင်းပးအစီအစဉ် တွင်စတင်ထည့်သွင်း ထိုးနှံခြင်းဖွင့်ပွဲအခမ်းအနားကျင်းပ

ထန်းတပင်(ပဲခူးအောက်တိုဘာ  ၂၀

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်  (HPV) ကာကွယ်ဆေးကို ပုံမှန်ကာကွယ် ဆေးထိုးအစီအစဉ်တွင်စတင်ထည့် သွင်းထိုးနှံခြင်းဖွင့်ပွဲအခမ်းအနားကို ယနေ့နေ့လည် ၁နာရီကမြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာစိုးငြိမ်းက (HPV) ကာကွယ်ဆေးကို ပုံမှန် ကာကွယ်ဆေးထိုးအစီအစဉ်တွင်စတင်ထည့်သွင်းထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး ဆေးထိုးနှံခြင်း အခမ်းအနားအား စတင်ခဲ့သည်။

ထန်းတပင်မြို့နယ်တွင် (HPV) ကာကွယ်ဆေးကို အောက်တိုဘာလ(၂၀)ရက်နေ့ကစတင်၍ထိုးနှံ ပေးလျက်ရှိပြီး  အသက်()နှစ် မှ (၁၀)နှစ်အကြား  အမျိုးသမီးငယ်များအား (HPV) ကာကွယ် ဆေးထိုးနှံ ပေးခြင်းဖြင့် (Human    Papilloma   Virus ) ဟုခေါ်သည့်  (HPV)  ပိုးကြောင့်ဖြစ် တက်သည့် သားအိမ် ခေါင်းကင်ဆာနှင့် မျိုးပွားလမ်းကြောင်းတွင် ဖြစ်ပွားတက်သည့်ကင်ဆာ ရောဂါများကို ကာကွယ်ပေးနိုင် ကြောင်းနှင့် သားအိမ်ခေါင်းကင်ဆာအားလုံးနီးပါးသည် (HPV) ပိုးကြောင့် ဖြစ်ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဇော်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ဦးဆွေနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)