ရွှေပြည်သာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူများ သိသင့်သည့် အသိပညာ အချက်အလက်များအား မြေစိုက်ဘုတ်နံရံကပ်ဘုတ်တွင် ပြသထားရှိ

ရွှေပြည်သာ အောက်တိုဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ  ပြည်သူများအတွက် အသိပညာ ဗဟုသုတများကို ပြည်သူများသိရှိစေရန် ရည်ရွယ်၍ ရုံးရှေ့ရှိ မြေစိုက်နံရံကပ်ဘုတ်တွင် အသိပညာပေး နံရံကပ်ပိုစတာများကို ယမန်နေ့နံနက်ပိုင်းက ပြသ ဆောင်ရွက်ထား ရှိပေးခဲ့သည်။

ထိုသို့ ပြသရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ဝေသည့် သင်၏ဆန္ဒမဲကို လျို့ဝှက်  ထားပါ၊ မဲဆန္ဒရှင်စာရင်းမှာ မိမိအမည်ပါ/မပါ သွားရောက်စစ်ဆေးဖို့မမေ့ပါနဲ့၊ သတိရပါ၊ အွန်လိုင်းကနေ စစ်ဆေးလိုက်ပါ၊ လူကုန်ကူးမှုဆိုင်ရာများ၊ ကိုဗစ်-၁၉ ကာကွယ်ရန် လိုက်နာရမည့်အချက်များ၊ သတင်း အချက်အလက် ဆိုင်ရာများ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း သိကောင်းစရာ ဆွေးနွေးရာ၌ ဆောင်ရန်/ရှောင်ရန်များ၊ သတင်း အချက်အလက် သိရှိနားလည်သော မိဘအုပ်ထိန်းမှု အတတ်ပညာ၊ စာဖတ်ပါ၊ သီတင်းကျွတ်ပွဲတော် စသည့် အချက်များအား  ပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။

အေးအေးမိုး (ပြန်/ဆက်)