သုံးခွမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

သုံးခွ ဇွန် ၂၅

ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ ပြည်သူများ မူးယစ်ဆေးဝါးအန္တရာယ်ကို သိရှိပြီး ရှောင်ရှားနိုင်စေရန်နှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းဖြင့် ရရှိလာမည့် ဆိုးကျိုးများအ‌ကြောင်းကို အသိပညာဗဟုသုတများ ရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရား မဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို ယနေ့ နံနက်(၈)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သုံးခွမြို့နယ် ရုံးမှ ဦးစီးမှူးနှင့် ဝန်ထမ်းများမှ  ဌာနဆိုင်ရာများ၊ အခြေခံပညာအထက်တန်းကျောင်းများ၊ ပြည်သူများနှင့် စာဖတ်ပရိသတ်များ လက်ဝယ်အရောက် အခမဲ့သွားရောက်ဖြန့်ဝေ ပေးခဲ့ သည်။

အဆိုပါ လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ပတ်သက်၍ အနာဂတ် ပန်းများ ပွင့်လန်းဖို့ မူးယစ်အန္တရာယ် ကာကွယ်စို့၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်း၊ မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းခြင်း၊ မူးယစ်ဆေးအန္တရာယ် ရှောင်ကြဉ်ဖွယ်၊ ကမ္ဘာ့ရန်သူ ဘိန်းဖြူ၊ မူးယစ်အန္တရာယ် လူ့ရန်စွယ် ကာကွယ်တိုက်ဖျက် လက်ချင်းယှက်၊ မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများ၊ မူးယစ်ဆေးစွဲသူဖေးမကူ စသည့်အ‌ကြောင်းအရာများကို ပြည့်စုံစွာဖော်ပြထား ကြောင်း သိရ သည်။

စည်သူလင်း