ထန်းတပင်(ရန်ကုန်) ဇွန် ၂၅
“အနာဂတ်ပန်းများပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များအကြောင်းကို သိရှိနား လည်စေရန်နှင့် မူးယစ်ဆေးဝါးကို အသုံးမပြုမိအောင် သတိပြုရှောင်ကြဉ်ကြ နိုင်စေရန်အတွက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေ ထားသည့် သတင်းစကား လက်ကမ်းစာစောင်များအား ယနေ့ နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်(၁)ရပ်ကွက် အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်ကာ ဖြန့်ဝေပေးခဲ့ကြ ကြောင်း သိရသည်။
ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် သတင်းစကားလက်ကမ်းစာစောင်များ ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (အခမဲ့)ထုတ်ဝေခြင်းဖြစ်ပြီး သတင်းစကား လက်ကမ်းစာစောင်တွင် မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်းအရင်း၊ မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းခြင်း၊ မူးယစ်ဆေး အန္တရာယ် ရှောင်ကြဉ်ဖွယ်အကြောင်းအရာများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းအကြောင်းအရာများနှင့် ကဗျာဆရာ မုံရွာဝင်းဖေရေးသားသည့် “ကမ္ဘာ့ရန်သူဘိန်းဖြူ” ကဗျာများ ပါဝင်ကြောင်း သိရသည်။
သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် အမှတ်(၁) ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်းရှိ ဆရာ၊ ဆရာမများ ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြ ကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)