ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ ၄ ဦးထပ်မံတွေ့ရှိ

ပေါင်းတည် ဇွန် ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ မကြီးပင်အုပ်စု၊ ပေါက်တန်း(အထက်စု) ကျေးရွာနေ စိုက်ပျိုးရေးပစ္စည်းရောင်းချသူတစ်ဦးသည် အနံ့မရသဖြင့် ယမန်နေ့ နံနက်ပိုင်းက ပေါင်းတည် ပြည်သူ့ဆေးရုံသို့လာရောက်ပြသခဲ့သည်။

အဆိုပါ အနံ့မရသူအား COVID-19 Antigen(RDT)Test ဖြင့် စစ်ဆေးခဲ့ရာ COVID-19 (positive) လူနာအဖြင့် ပေါင်းတည်ပြည်သူ့ဆေးရုံမှ စစ်ဆေးတွေ့ရှိခဲ့သဖြင့် ၎င်းနှင့်တစ်အိမ်တည်းနေ မိသားစုဝင်များအား ကျန်းမာရေးဌာနမှ COVID-19 Antigen(RDT)Test ဖြင့် သွားရောက်စစ်ဆေးခဲ့ရာ ၎င်း၏ မိခင် ၊ ဖခင်၊ ဇနီးတွင်လည်း COVID-19 (Positive) ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် အဆိုပါလူနာ (၄)ဦးအား ပေါင်းတည်ပြည်သူ့ဆေးရုံ(သီးသန့်လူနာဆောင်)၌ ထားရှိ ကုသဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းတို့နှင့် အနီးကပ်ထိတွေ့ခဲ့သူ (Contact Person) များအား သပြေကုန်း(စိုက်ပျိုးရေးစိုက်စခန်း) Facility Quarantine Centre တွင်ထားရှိမည် ဖြစ်ကြောင်းနှင့် စိုက်ပျိုးရေးပစ္စည်းရောင်းချသူ (Positive) လူနာသည် ဇီးကုန်းမြို့နယ်သို့ ကုန်ရောင်းကုန်ဝယ် သွားရောက်ခဲ့သောကြောင့် ဇီးကုန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနတို့နှင့် ချိတ်ဆက်ဆောင်ရွက်ထားကြောင်း သိရသည်။

ချစ်နှင်းသုန်(ပြန်/ဆက်)