နွားထိုးကြီး၌ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအသုတ် စတင်ထိုးနှံ

နွားထိုးကြီး ဩဂုတ် ၁၇

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများအား ယနေ့ နံနက် ၉ နာရီအချိန်တွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာတွင် မြို့မဇုံအတွင်းရှိ ရပ်ကွက်(၈)ရပ်ကွက်နှင့် ကျေးရွာများ အတွင်းရှိ သက်ကြီးရွယ်အိုများ(၁၈၀)ကို စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

နွားထိုးကြီးမြို့နယ်အတွင်း၌ ဇုံနေရာ (၅)နေရာခွဲ၍ မြို့မဇုံ၊ ရွာကြီးဇုံ၊ ဝက်လူးဇုံ၊ ပြင်စည်ဇုံနှင့် ကန်နားဇုံတိုတွင် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများ၊ ဆေးထိုးကျန်ရှိနေသည့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲများကို တတိယအသုတ်ထိုးနှံပေးလျက်ရှိရာ ယနေ့ ညနေပိုင်းတွင် ကန်နားအုပ်စု၊ ပြင်စည်အုပ်စု၊ ဝက်လူးအုပ်စုတို့တွင် ထိုးနှံပေးမည်ဖြစ်သည်၊ ကာကွယ်ဆေးအလုံး (၈၄၃)၊ လူဦးရေ(၁၆၈၆)ဦး ထိုးနှံပေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိ သူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ် ရေးမှူးများက ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တတိအသုတ် ထိုးနှံပေးခြင်းဖြစ်ပြီး ကျန်ရှိနေသည့် သက်ကြီးရွယ်အိုများကိုလည်း ဦးစားပေးအုပ်စုဇုံအလိုက် နေ့စဉ်ဆက်လက် ထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။

သန်းအောင်ဇော်