မင်းပြား ဩဂုတ် ၁၉
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ၊မင်းပြားမြို့နယ်၌ လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ (COVID-19)ကူးစက်မြန်ရောဂါဖြစ်ပွားနေသဖြင့်ဝေးလံကျေးရွာများ၌ စားဝတ်နေရေးအဆင်ပြေ စေရန်အတွက် မင်းပြားလူငယ်အစည်းအရုံး(MBYA) အဖွဲ့မှ ယနေ့ နံနက် (၁၀)နာရီအချိန်က ဆန်နှင့်မီးဖိုချောင်သုံးပစ္စည်းများ ကိုကျေးရွာများနှင့်မြို့ပေါ် ရပ်ကွက်များသို့ သွားရောက်ပြီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ္စည်းများထောက်ပံ့လှူဒါန်းခြင်းကို မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌဦးမျိုးစိုးမိုးဦးဆောင်လမ်းညွှန်မှုဖြင့်မင်းပြားမြို့နယ် အတွင်း လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့်ပြည်သူများအနေဖြင့် လူမှု ရေး၊ စီးပွားရေး ၊ ပညာရေး၊ ကျန်းမာရေးနှင့်မိသားစုစားဝတ်နေရေးအခက်အခဲများဖြစ်ပေါ်လျက် ရှိကြောင်းသိရှိရ၍ မင်းပြားမြို့နယ် လူငယ်အစည်းအရံး(MBYA)အဖွဲ့မှ မင်းပြားမြို့နယ် ခမောင်းတောကျေးရွာရှိ အိမ်ထောင်စု(၅၂)စု၊ သာယာကုန်းကျေးရွာရှိအိမ်ထောင်စု (၃၃)စု၊ အိုင်ဝမ်းကျေးရွာရှိအိမ်ထောင်စု(၃၇)စု၊ စုစုပေါင်းအိမ်ထောင်စု(၁၂၂)စုရှိပြီး ကိုဗစ်-၁၉ရောဂါ ကြောင့် စားဝတ်နေရေးအခက်အခဲဖြစ်နေသည့်ကျေးရွာများရှိ ကြိုတင်စာရင်းကောက်ယူ၍အိမ် ထောင်စု (၁၂၂)စုအတွက် ဆန်၊ဆီ၊အိုင်အိုဒင်းဆား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုပ်သီးခြောက်၊ ငါးခြောက် စသည့်အခြေခံစားသောက်ကုန် ပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
သိန်းနုအောင်(ပြန်/ဆက်)