မောင်တော ဩဂုတ် ၂၃
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့်အတည်ပြုလူနာများအား မြို့နယ်ပြည်သူ့ဆေးရုံတွင် သီးသန့်ထားရှိ၍ ကြပ်မတ်ကုသ ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ပိုးတွေ့ ရှိသူများအနက်မှ ၁ ဦးမှာ ထပ်မံ၍ ဆေးရုံမှ ဆင်းခွင့်ပြု လိုက်ကြောင်း သိရသည်။
မောင်တောပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ အတည်ပြုလူနာများအနက် ၁ ဦးမှာ ရောဂါပိုး ကင်းစင်သဖြင့် ယမန်နေ့ နံနက်ပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ပျောက်ကင်းသူများအား တာဝန်ရှိသူများက ရောဂါပျောက်ကင်းကြောင်း လက်မှတ်များ ပေးအပ်ခဲ့ပြီး ဆေးရုံဆင်း လူနာများသည် မိမိနေအိမ်တွင် (၇)ရက် အသွားအလာကန့်သတ်ကာ သီးသန့် နေထိုင်ရမည်ဖြစ်ရာ ဆက်လက် ဆောင်ရွက်ရမည့် လမ်းညွန်ချက်များအား တိကျစွာ လိုက်နာကြဖို့ မှာကြားခဲ့သည်။ ဆေးရုံဆင်းခွင့်ရရှိသူများမှာ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီသူများဖြစ်ပြီး ကြောင်းသိရသည်။
ယခုအခါ မောင်တောမြို့၌ ၂၀၂၁ ခုနှစ် ဇွန် ၁၀ ရက် နေ့ မှ ဩဂုတ် ၂၂ ရက်နေ့ ညနေ ၅ နာရီ အချိန်ထိ ကိုဗစ် အတည်ပြုလူနာ စုစုပေါင်း (၄၇၄)ဦး ရှိရာ ကိုဗစ်-၁၉ ဓါတ်ခွဲအတည်ပြု လူနာများအနက် (၄၅၁)ဦးမှာ ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ သတ်မှတ်ရက်ပြည့်မြောက်ပြီး ရောဂါလက္ခဏာ ထပ်မံပြသမှုမရှိသဖြင့် ဆေးရုံဆင်းခွင့်ပြုခဲ့ပြီး သေဆုံးသူ(၁၈)ဦးရှိကြောင်းနှင့် လက်ရှိ မောင်တောမြို့၌ ဆေးကုသမှုခံ ယူနေသူ (၅)ဦးရှိ ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
သက်လွင်စိုး