ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ချုပ်ခွင့်ရဒေသတွင်းရှိ ဒေသခံပြည်သူများ ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ စုံစမ်းနိုင်ရန် Call Center များ ဖွင့်လှစ်ထားရှိ

ဟိုပုံး  ဩဂုတ်  ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်းရှိ မြို့နယ်များတွင် ဖွင့်လှစ်ထားသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကဒ်တစ်မျိုးမျိုး ထုတ်ပေးရန် (၃-၅-၂၀၂၁)မှ (၃-၁၁-၂၀၂၂) ရက်နေ့အထိ ပန်းခင်းစီမံချက်ဖြင့် ၁၈ လကြာ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်းရှိ ဒေသခံပြည်သူများအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သော အိမ်ထောင်စုနှင့် လူဦးရေစာရင်း ၆၂၁ စောင်နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ၁၅၀၁ စောင်တို့ကို  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမ၌ ဇွန် ၂၂ ရက်ကပေးအပ် နိုင်ခဲ့ပြီးနောက် ရုံးပိတ်ရက် ကာလများတွင်လည်း သက်ဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးများ၌ ဆောင်ရွက်ပေးလျက်ရှိသည်။

ဒေသခံပြည်သူများအနေဖြင့် ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ သိရှိလိုသည်များ၊ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများပြုလုပ်ရာတွင် အဆင်မပြေမှုများရှိပါက ဟိုပုံးမြို့နယ်အတွက်  Call Center (၀၉-၂၅၇၆၃၀၃၃၁)သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။

 

ခင်အိအိသန်း