တနင်္သာရီ ဩဂုတ် ၂၉
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း အသက်(၆၅)နှစ်နှင့်အထက် အဘိုးဘွားများနှင့် သာသနာ့အနွယ်ဝင်များ၊ ဌာနဆိုင်ရာဝန် ထမ်းများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉နာရီအချိန်မှစ၍ တနင်္သာရီမြို့ပေါ်တွင် အမက-ချောင်းငယ် ကျောင်းဆေးထိုးစုရပ်နှင့် တကူကျေးရွာအုပ်စု၊ အထက-တကူကျောင်းဆေးထိုးစုရပ်တို့တွင် တစ်ပြိုင်တည်း စတင်ထိုးနှံပေးလျက် ရှိကြောင်း သိရှိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးနိုင်၏လမ်းညွှန်မှုဖြင့် မြို့ နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်သိုက် ထွန်းမှကြီးကြပ်လျက် ဇူလိုင်လ(၃၁)ရက်မှ ဩဂုတ်လ(၉)ရက်အထိ၊ (၁၀)ရက် (ပထမ) အကြိမ်အဖြစ် Sinopharm ကာကွယ်ဆေးထိုးနှံပြီးဖြစ်သည့် အသက်(၆၅)နှစ်နှင့်အထက် အသက်ကြီးရင့်သူများ နှင့် သာသနာ့ အနွယ်ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အခြားဦးတည်အုပ်စုများအား လုံးကိုဆေး ထိုးရပ်(၂)ခုခွဲ၍(ဒုတိယ)အကြိမ်အဖြစ် Sinopharm ကာကွယ်ဆေးကို ထိုးနှံပေးနေခြင်းဖြစ် ကြောင်းသိရှိရသည်။
တနင်္သာရီမြို့နယ်တွင် ဆေးထိုးစုရပ်(၆)ခုခွဲ၍ ရပ်ကွက်/ကျေးရွာအသီးသီးမှ ဦးတည်အုပ်စု (၁၂)ခုအ တွက် ဦးစားပေးအစီအစဉ်အတိုင်း (၃၁၇၂၀၂၁နေ့မှ၉၈၂၀၂၁)နေ့အထိ (၁၀)ရက်တိတိတရုတ်နိုင်ငံထတ် Sinopharm ကာကွယ်ဆေးလုံးရေ(၁၉၅၅)လုံးဖြင့် လူဦးရေပေါင်း (၃၉၁၀)ဦးအား (ပထမ)အ ကြိမ်အဖြစ် ထိုးနှံပေးထားပြီးဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်းထံက သိရသည်။
နန်းသာရီ-ထိန်ဝင်း